Posts

မြနမာကဗျာလက်ရွေးစင်

 ‌ ဒသမတန်း             ရွှေနှင့်ယိုးမှားပန်းစံကား                     ရွှေနှင့်ယိုးမှားပန်းစံကား   ကဗျာကို ပုဂံခတ်က အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ   လင်္ကာ   သို့မဟုတ် အချင်းငယ် ဖြစ်သည်။ ဤလင်္ကာသည်   ပန်းပဲမောင်တင့်တယ် ၏ နှမငယ်အကြောင်းရေးဖွဲ့ထားသည်ဟုကဗျာဗန္ဓသာရကျမ်းဆရာ ပုဂံဝန်ထောက်ဦးတင်ကဆိုသည်။ ရှေးခေတ်မြန်မာအမျိုးသမီးတို့၏ ကိုယ်ကျင့်တရားနှင့် မေတ္တာတရားတို့ကို လေးစားဂုဏ်ယူဖွယ် ဖော်ပြလိုသောရည်ရွယ်ချက် ဖြင့် ရေးဖွဲ့ထားသည်။ မိန်းမပျိုလေးတစ်ဦးက မင်းမဟာဂီရိနတ်မင်းကို မိမိ၏ မေတ္တာဇာတ်လမ်းအား ပြောပြနေပုံကို ရေးဖွဲ့ထားသည်။ မာတိကာ ၁ အမည် ၂ ခေတ်ကာလ ၃ ကဗျာ ၄ ကိုးကား အမည် ဤကဗျာကိုပင်  သိုးကလေ [၁] ၊  ရွှေနှင့်ယိုးမှားပန်းစံကား ၊  ပုပ္ပားနတ်တောင်ဖွဲ့ [၁]  ဟူသောအမည်များဖြင့် သိရှိကြသည်။ ရံခါတွင် ပုပ္ပားနတ်တောင်ဖွဲ့ဟု ခေါ်ဆိုကြသော်လည်း "တောင်ဘွဲ့"သည် တစ်ပိုဒ်သာပါဝင်၍ ကျန်သုံးပိုဒ်သည် မောင်မယ်အချစ်ဘွဲ့ဖြစ်သည်။ [၁] ခေတ်ကာလ ဤကဗျာသည် ပုဂံခေတ်ကဟ...